Friday, July 30, 2010

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီအလုပ်အမှုဆောင်စာရင်းများ

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီသည် ပြီးခဲ့သည့်ဇူလိုင်လ(၁၁)ရက်နေ့ မော်လမြိုင်မြို့ဌာနချုပ်ရုံးတွင် အစည်းအဝေးကျင်းပခဲ့ပြီး ဗဟိုအလုပ်မှုဆောင်ကော်မတီ(၂၁)ဦးကို ရွေးချယ်ခဲ့သည်။


အဆိုပါအလုပ်အမှု ဆောင်အဖွဲ့၏ အမည်စာရင်းများမှာ နိုင်ငွေသိန်း(ဥက္ကဋ္ဌ)၊ နိုင်လှအောင်(ဒုဥက္ကဋ္ဌ-၁)၊ နိုင်သိုက်(ဒုဥက္ကဋ္ဌ-၂)၊ မင်းနွယ်စိုး(အထွေထွေအတွင်းရေးမှူး)၊ နိုင်စံတင်(အတွင်းရေးမှူး-၁)၊ မင်းခင်အောင်၊ (အတွင်းရေးမှူး-၂) အမှုဆောင်ကော်မတီဝင်များများမှာ နိုင်ကျန်ရစ်(မွန်အဆိုတော်)၊ နိုင်ချမ်းမြေ့၊ မင်းသိန်းဟန်၊ မင်းစိုးသိန်း၊ နိုင်လဝီအောင်၊ နိုင်အောင်ဘ၊ နိုင်ဗညားအောင်မိုး၊ နိုင်စိန်ထွန်း(နိုင်ချမ်းအောင်)၊ မင်းစိန်အောင်၊ မင်းချစ်ဦး၊ နိုင်သန်းရွှေ၊ မင်းသစ်လွင်၊ နိုင်ထွန်းအုန်း၊ နိုင်အောင်စိုး၊ နိုင်ဟံင်ဆာန်ပါဝင်သည်။

ပါတီရေးရာကော်မတီ(၁၅)ဦးကို အောက်ပါပုဂ္ဂိုလ်များနှင့်ဖွဲ့စည်းထားသည်။ နိုင်ငွေသိန်း၊ နိုင်သိုက်၊ နိုင်လှအောင်၊ နိုင်နွယ်စိုး၊ နိုင်ဗညားအောင်မိုး၊ နိုင်လဝီအောင်၊ နိုင်ချစ်ဦး၊ နိုင်သိန်းဟန်၊ နိုင်စံတင်၊ နိုင်မျိုးတင့်လွင်၊ နိုင်စိုးသိန်း၊ နိုင်အောင်ဘ၊ နိုင်စိန်အောင်၊ နိုင်သန်းရွှေ၊ နိုင်စိန်ထွန်းတို့ပါဝင်ပြီး ဌါနဆိုင်ရာ တာဝန်များကို ထမ်းဆောင်ရန်တာဝန်ပေးထားသည်။

ပထမအကြိမ်ဇူလိုင်လ(၁၁)ရက်နေ့အထိစာရင်းအရ ပါတီဝင်အင်အားမှာ၊ ရေးမြို့နယ်(၅ဝ၄)ဦး၊ ချောင်းဆုံမြို့နယ်(၄၉၁)ဦး၊ မုဒုံမြို့နယ်(၁၈ဝ)ဦး၊ သံဖြူဇရပ်မြိုံနယ်(၁၄၂)ဦး၊ ဘားအံမြို့နယ်(၂၃)ဦး၊ ကျန်သောမြို့နယ်များတွင်စာရင်းမရောက်လာသေးဟု ပါတီခေါင်းဆောင်တစ်ဦးမှပြောပါသည်။
                                                                         
 

No comments:

Post a Comment