Friday, July 30, 2010

ပြသနာအရင်းခံက

ဒေါ်အောင်ဆန်းစုကြည်က...သူ့ အကိုလူရိုးကြီးကို သူ့ဇနီးမ..လဲ့လဲ့နွယ်သိန်း ( နစ်လင်ကွာမ ယောက်ကျားပေါင်းများ စွာနဲ့ ...တွဲခဲ့တဲ့ဇရှိတာကြောင့် )...စကပ်ကထဲက...မကျေနပ်လို့သဘော မတူလို့ ကန့်ကွက်နေခဲ့ရာက စတာပါ။ ပိုဆိုး တာက လဲ့လဲ့နွယ်သိန်းဟာ စမူဆာ-အောင်ကီးရဲ့  ပါတီက..ဦးနန်းနွယ် (မ.ဆ.လ ဟောင်းပါ ) ရဲ့သမိးဖြစ်နေ တော့....တစ်ဘက်အပြန်အလှန် နိင်ငံရေး အစာမကျေနိုင်ကြသူတွေ ဖြစ်နေတာကအရင်းခံပါ ။


ကျနော်တင်ထားတဲ့ဝက်ဆိုဒ်
( htt://billy-mackezie.freehoastia.com/) ထဲမှာကျနော် ရေးထားတာရှိပါတယ် ... ၉၀-ခုနစ်ရွေးကောက်ပွဲ အပြီးမှာ....ခင်ညွန့် ကို NLD ကို အာဏာမပေးရအောင်.....အခြေခံဥပဒေမရှိဘဲ အာဏာလွဲလို့ မရဘူး....အခြေခံဥပဒေ အရင်ဆွဲရမယ်လို့ အကြံသွားပေးသူ နိင်ငံရေးသမားကြီးနစ်ဦးရှိတယ်လို့ ကျနော်ရေးထားပြီး ...သက်သေမခိုင်မာလို့ နံမည်မဖေါ်ပြတာ....တဦးက...ဒီဦးနန်းနွယ်ပါ ။ ( ကျနော်တို့ကသူ့ကို နံမည်ပြောင်းပေးထား ပါတယ် ..( နန်းနွယ် ကနေ နံနွယ် ) နောက်တဦးကတော့ တခြားပါတီတခုရဲ့  နာယကကြီးပါ။ ဒီလောက်ဆို.. ကျောင်း တော်က နိင်ငံရေး..ရန်စသိလောက်ပါပြီ။

အောင်ဆန်းဦးဟာ...သူအနေနဲ့ ဒီအိမ်အမွေပိုင်ဆိုင်မှုမှာ လက်ရှိနိုင်ငံတော်ရဲ့ တည်ဆဲဥပဒေအရ သူမှာတောင်းဆိုပိုင် ခွင့်တောင်မရှိဘူးဆိုတာ သူကောင်းကောင်းသိပါတယ် ။ န အ ဖ အယုတ်တမာကောင်ကြီးတွေလဲ ကောင်းကောင်းသိ ပါတယ် ။ သူ့ရှေ့နေ ဟန်တိုး ( နံတိုး --လူနံကြီး..သူကိုယ်နံ့က တော်တော်ကို ဆိုးဆိုးဝါးဝါး နံတာပါ )..လဲကောင်း ကောင်းသိပါတယ် ။ ရှေ့နေခရလို့ရယ်.. အောင်တိုး ( တရားသူကြီးချုပ်..ဟောင်ခိုး ...ချထားပေးလို့  ) လိုက်ပေး နေတာပါ။

လဲ့လဲ့နွယ်သိန်း အဖေ နံနွယ်က ဒီအမှုအကွက်ဆင်တိုင်း န အ ဖ နဲ့ ပလူးရပြီး ကန်ထရိုက်တွေ ရနေတာကမြတ်.. အကြိုက်ဆိုက်နေတာပါ ။ ဒါကြောင့် န အ ဖ ကလဲ...အာဇာနည်နေ့မှာ အောင်ဆန်းဦး၏ ယောက်ခမ နံနွယ်ကို လွမ်းသူ့ ပန်းခွေ အချခိုင်းပြီး..ဒေါ်အောင်အောင်ဆန်းစုကြည် အသဲကို..မထိတထိ အပ်နဲ့ဆွပေးနေတာပါ။ ဒီအမှုကိုရှေ့နေ နံတိုး က လိုက်ပေးတယ် ။ နံနွယ်က နံတိုးနဲ့  ပုလင်းထောင်ဆွေးနွေးတယ် ။ ( နံ နစ် နံ ) နံတိုးကလဲ ( အတွင်းစိတ်တော့ မသိ ပင်ရင်းစိတ်ကတော့ သာပေါင်းညာစား .....ဆရာစံလမ်း..နဲ့ တက္ကသိုလ်ရိပ်သာလမ်း ဒေါင့်မှာနေပါတယ် ) ဒေါ် အောင်ဆန်းစုကြည်ကို သူ့နဲ့တွေ့ရင်...မကောင်းဝေဖန်တယ်။ နိင်ငံရေးသမားတွေနဲ့တွေ့ရင်..အကောင်းဝေဖန်ပါတယ်။
တဆက်ထဲ ကိုယ်ရည်းသွေး နေတာမဟုတ်ပါ ။ ကျနော်ဟာ သာမာန်နိင်ငံရေးလုပ်သူပါ ။ ဒါပေမဲ့ ကျနော့်မိသားစုပိုင် အိမ်ခြံမြေ ( မုံရွာမြို့ ) ရှိခြံမြေကို..န.အ.ဖ. မှ ၂၀၀၈ ခုနစ်အကုန်က...ကျ နော့်နံမည်ပါနေသဖြင့် ပြည်သူပိုင်သိမ်းမည် အထိ အကျပ်ကိုင်လာပါသဖြင့် မိသားစုတွေ စိတ်ဒုက္ခ ရောက်ရပါသေးသည်။ ( မိခင်လဲ အသက်ထင်ရှားရှိနေပါသေး လျှက် ) ( တကယ်တော့ ကျနော့် နင့် ညီဖြစ်သူ ( ဒေါက်တာ ဂျိုးဇက်..).တို့ နိင်ငံရေးအမှုဖြင့်ထောင်ကျနေစဉ်က တည်းက ကျနော်တို့ နစ်ဦးကို..ထောင်ထဲမှာရှိစဉ်းကထည်းက..အိမ်အမွေ ပိုင်ဆိုင်မှု စွန့်လွတ်ပါကြောင်း လက်မှတ်ထိုး ပြီး လျှောက်ထားပြီးသားဖြစ်ပါသည်။ ( အောင်ဆန်းဦးကျမှ ..ပိုင်ဆိုင်ခွင့်ပေးနေတာ...ရီစရာကြီး)

ညီမောင်မှာ.....ယခု ချောင်းဦးမြို့ တွင်နေထိုင်ပါသည် ။ တိုက်နစ်လုံး ပိုင်ဆိုင်ပြီး..ကားနင့်ဆိုင်ကယ်တွေ ပိုင်ဆိုင်သော် လဲ....၅-သိန်းသာသွင်းရသည့်...ဆင့်ပွားတယ်လီဖုံး..ယခုချိန်အထိ တတ်ဆင်ခွင့်မရရှာပါ။ သူ့ သမီးနစ်ယောက်နံမည် ဖြင့်ပင်လျှောက်လို့ မရပါ။
လောလောဆယ်တော့ ဒီလိုအမှုဆင်တိုင်း လဲ့လဲ့နွယ်သိန်း..အဖေ နံနွယ် အမြတ်ထွက်လေဆို တော့.....နံနွယ်အတွက် ...၉၀-ခုနစ်ရွေးကောက်ပွဲမှာ..သောက်သောက်လဲ စောက်ရှက်ကွဲခဲ့ရတာတွေကို ဂလဲ့စားလဲချေရာလဲရောက်တယ် စီးပွားရေးအမြတ်လဲ ရသေးတယ်ဆိုတော့...တချက် ခုတ်..၃-ချက်မက ပြတ်နေတာလေ။ ( ၉၀-ခုနစ်ရွေးကောက်ပွဲ မှာ...ဦးအောင်ကြီးဟာ ရွှဘိုမြို့ ( ကျနော်ချက်မြုတ်ဇာတိ ) ..မှာဝင်ပြိုင်တာ ....မဲပေးနိင်သူ..၆-သောင်းကျော်ရှိတာ မှာ....၃၀၀၀-လောက် ဘဲရပြီး..... မဲရေတွက်တာ..မပြီးသေးခင်..နံနက်မိုးမလင်းခင်ကထဲက..သောက်ရှက်ကွဲပြီး..မျက် ရေကျပြီး ပြေးခဲ့ရတာပါ။ ဒီအာဂါတတွေအတွက် လက်စားချေနေတာလဲ ပါပါတယ် ။

( ၉၂-လောက်တုံးက..ယခု ပုလဲ ကွန်ဒို နေရာမှာ အောင်ကြီးနဲ့  နံနွယ်တို့အတွက် ဟော်တယ် ဆောက်လုပ်ခွင့် ကန်ထ ရိုက်ချပေးလို့ ...ဟော်တယ်ကြေငြာ ဆိုင်းဘုတ်ကြီးနစ်ခု ပြူးနေအောင်ထောင်ထားတာ မှတ်မိလောက်ကြပါဦးမည် )။ မလေးရှားကုမ္မဏီ တခုနဲ့နံနွယ်တို့ကိုချပေးထား တာပါ ။ န.အ.ဖ. က ၉၀-ရွေးကောက်ပွဲ အပြီး..၁-၉၀ အမိန့်ထုတ်ဘို့ အကြံပေးခဲ့တဲ့အတွက် ကျေးဇူးတုံ့ပြန်တာပါ။ နောက်တော့ မလေးကုမ္မဏီကအင်ကြီးဖြစ်နေလို့အောင်ကြီးတို့အင်ထိပြီး ... ကွဲသွားပါတယ်။

ဒီလောက်ဆို အောင်ဆန်းဦးတို့က...မြန်မာ့ဒီမိုကရေစီအရေးကို အပိုင်သတ်ခဲ့တဲ့မိသားစု ထဲရောက်နေတာမြင်လောက် ကြပါပြီ ။ မြန်မာ့ဒီမိုကရေစီရဲ့....ရန်သူ နံပတ်တစ် မိသားစုဆိုတာ သိလောက်ပါပြီ ။

ဗိုလ်ချုပ်ရဲ့  ဇူလိုင်
- ၁၃ ရက်- နောက်ဆုံးမိန်ခွန်းမှာပြောခဲ့တဲ့..... ( ပြီးခဲ့တဲ့အစိုးရထဲမှာ လတ်စားတဲ့သူတွေ ရှိတယ် ( ကိုယ်ကျိုးရှာတဲ့သူ..တကိုယ်ကောင်းသမားတွေ ) ယခု ဒီလတ်စားတဲ့သူတွေကို အာဏာပြန်ရ အောင် လုပ်နေတဲ့သူတွေဟာ သဘောရိုးနဲ့လုပ်သည်ဖြစ်.....မရိုးမသား လုပ်သည်ဖြစ်စေ...တိုင်းပြည်ရဲ့ ရန်သူနံပါတ်တစ်ဖြစ်တယ် .....ဒီလူတွေကို မဲထဲ့ခဲ့ရင်..ခင်ဗျားတို့ကိုယ်လည်ပင်းကို ကိုယ်ပြန်ကြိုးကွင်းစွပ် တာဘဖြစ်တယ်။ လို့မိန့်ကြားခဲ့ပါတယ်။
ဒီတော့ စစ်ဗိုလ်ချုပ်တွေ..အာဏာသက်ဆိုးရှည်အောင်လုပ်ခဲ့တဲ့ နံနွယ်နဲ့ မိသားစုဟာ.( အောင်ဆန်းဥးအပါ အ၀င်.)...တိုင်းပြည်ရဲ့ရန်သူ နံပါတ်တစ်ဆိုတာ ထင်ရှားလောက်ပါပြီ။

ဒေါ်အောင်ဆန်းစုကြည်ကို စိတ်ဒုက္ခ ပေးရုံမဟုတ်ပါဘူး။ ပြည်သူတရပ်လုံးကို စစ်ဖိနပ်အောက်က ရုံးမထွက်နိင်အောင် အကောက်ကြံခဲ့လူတွေပါ ။

ကျနော်ထက်ပိုသိသူတွေ ရှိပါမယ် ။
အားလုံးကိုလေးစားလျှက်နင့် ဘာကြောင့်အခုမှ အသိပေးရသလဲတော့ ရန်မမူကြပါနင့် ခင်ဗျာ ။


No comments:

Post a Comment