Friday, July 30, 2010

ထိုင်းမြန်မာနယ်စပ်ဖြတ်ကျော်ဂိတ် နအဖပိတ်ထား

ထိုင်းမြန်မာနယ်စပ်၊ ဘုရားသုံးဆူဒေသတွင် ထိုင်းနှင့်မြန်မာတို့ နယ်မြေပိုင်းခြားခြင်းနှင့်ပတ်သက်ပြီး ညှိနှိုင်းမှုမရသောကြောင့် လူဝင်ထွက်ဖြတ်သန်းဂိတ်ကို ပိတ်ထားကြောင်း သိရှိရပါသည်။


ယမန်နေ့ မွန်းလွဲ(၂)နာရီခန့်တွင် ဘုရားသုံးဆူဒေသရှိ  ခလရ(၃၂) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်တင့်ခိုင်အမိန့်ဖြင့် ပိတ်ခဲ့ခြင်းဖြစ်သည်။

ဘုရားသုံးဆူအနီးမှာရှိတဲ့ မြေကွက်တစ်ခုကို နအဖတို့ ပန်းခြံလုပ်ဖို့ရှိတယ်၊ ပြီးတော့ ရှမ်းကုန်းစာသင်ကျောင်းအနောက်နဲ့ ဂေါက်ကွင်းအကြား၊ နအဖတို့လမ်းဖောက်နေတာကို ထိုင်းအာဏာပိုင်တို့ လာတားတဲ့အတွက် လမ်းပိတ်လိုက်တယ်” ဟု ဘုရားသုံဆူဒေသမှ မြန်မာစစ်အာဏာပိုင်နှင့်နီးစပ်သူတစ်ဦးက ကောင်းဝါသတင်းဌါနသို့ ပြောပြသွားပါသည်။

ကြံတောရွာသားတစ်ဦးက ဂျပန်ရေတွင်းနဲ့ ဘုရားသုံးဆူလမ်းပေါ်မှာရှိတဲ့ စစ်ဆေးဂိတ်ကနေ သွားလာတဲ့သူတွေကို မပေးသွားဘူး၊ နအဖတို့က လက်နက်အပြည့်အစုံနဲ့ လမ်းသစ်ဖောက်လုပ်ရေးမှာ ရော၊ လူဝင်လူထွက်အပေါက်အားလုံးကို စောင့်ကြည့်နေတယ် ဟု ဆိုပါသည်။

ကျွန်တော်တို့ ညဘက်အချိန်ပိုအလုပ်လုပ်လို့မရတော့ဘူး၊ မနက်ဖြန်လည်း အလုပ်ဆင်းလို့မရ ဘူး၊        အလုပ်ရှင်တို့ကအလုပ်ရုံပိတ်ပစ်မယ်လို့ပြောတယ်  နောက်အလုပ်သမားတွေအလုပ်မဆင်းရ သည့်အတွက်အလုပ်ရှင်ဘက်ကလည်း      ပစ္စည်းများအချိန်မီထုတ်လုပ်တင်ပို့ရန်အခက်အခဲကြုံတွေ့ နေရ ပါတယ် ဟု ဖိနပ်စက်ရုံမှအလုပ်သမားတစ်ဦးကပြောပါသည်။

ဘုရားသုံးဆူနယ်စပ်ဒေသဖြတ်ကျော်ခွင့်ကို ယခင်က နှစ်နိုင်ငံသဘောတူညီချက်အရ တရားဝင်ဖွင့်လှစ်ခဲ့သော်လည်း (၂၀၀၇) မတ်လတွင် စံခရပူရီမြို့နယ်ရှိ လိုင်ဝေဒေသ၌ DKBA ကရင်လက်နက်ကိုင်တပ်ဖွဲ့က ထိုင်းနယ်ခြားစောင့်တပ်ပုလိပ်နှစ်ဦး  ကို ဖမ်းဆီးခဲ့သောကြာင့်  နယ်စပ်အားလုံးကို ထိုင်းတို့ဘက်မှ ပိတ်ပစ် လိုက်ပါသည်။

တဖန် အဆိုပါ ထိုင်းပုလိပ်နှစ်ဦးကို ပြန်လွှတ်လိုက်ချိန်၌ အခြားနယ်စပ်ဒေသကို ပြန်ဖွင့်ပေးသော်လည်း ဘုရားသုံးဆူဒေသ နယ်စပ်ဖြတ်ကျော်သည့်ပင်မဂိတ်ကြီးကိုမူ မြန်မာအာဏာပိုင်တို့ ယခုတိုင်ဆက်ပိတ်ထားဆဲဖြစ်သည်။

No comments:

Post a Comment