Friday, July 30, 2010

အစိမ်းရောင်ဝေဒနာ

ထိုင်းမြန်မာနယ်စပ် ဆန်ခဘူရီမြို့မှာရှိတဲ့ ကလေးရွာလို့ခေါ်တဲ့ မိဘမဲ့ကျောင်းလေးမှာဖြစ်ပါတယ်။ ဒီကျောင်းက လက်ရှိကျောင်းအိပ်ကျောင်းမှာစားတဲ့ကလေးတွေ (၁၄ဝ)ယောက်ကျော်ရှိပြီး ကလေးတွေဟာ အများအားဖြင့်တော့ မြန်မာနိုင်ငံကဆင်းရဲချို့တဲ့ပြီး မိဘတွေအလုပ်သွားလုပ်နိုင်ဖို့ လာအပ်ထားတဲ့ကလေးတွေနဲ့ မိဘစွန့်ပစ်ခံရတဲ့ကလေးတွေဖြစ်ပါတယ်။

ပြသနာအရင်းခံက

ဒေါ်အောင်ဆန်းစုကြည်က...သူ့ အကိုလူရိုးကြီးကို သူ့ဇနီးမ..လဲ့လဲ့နွယ်သိန်း ( နစ်လင်ကွာမ ယောက်ကျားပေါင်းများ စွာနဲ့ ...တွဲခဲ့တဲ့ဇရှိတာကြောင့် )...စကပ်ကထဲက...မကျေနပ်လို့သဘော မတူလို့ ကန့်ကွက်နေခဲ့ရာက စတာပါ။ ပိုဆိုး တာက လဲ့လဲ့နွယ်သိန်းဟာ စမူဆာ-အောင်ကီးရဲ့  ပါတီက..ဦးနန်းနွယ် (မ.ဆ.လ ဟောင်းပါ ) ရဲ့သမိးဖြစ်နေ တော့....တစ်ဘက်အပြန်အလှန် နိင်ငံရေး အစာမကျေနိုင်ကြသူတွေ ဖြစ်နေတာကအရင်းခံပါ ။

စနစ်ဆိုးတခုအားစုပေါင်းဆန့်ကျင်အံ့တုကြရာဝယ်

ဒီမိုကရေစီအရေးအတွက်မွေးရာပါကိုယ်ပိုင်..အခွင့်အရေးရှိနှင့်နေပြီးသားတိုင်းရင်းသားများအားစည်းရုံးရာတွင်
အဓိကအခန်းကဏ္ဍနေရာ၌တက်ကြွစွာဦးဆောင်လှုပ်ရှားနေသောမွန်၊ဗမာ၊ရခိုင်၊ရှမ်း၊ကရင်.အစရှိသောတိုင်းရင်းဖွား
မြန်မာပြည်သူပြည်သားများသည် ဦးစွာစေတနာအရင်းခံရိုးသားဖို့အထူးလိုအပ်လှပါသည်။

အပူရိုက်လို့ ကွမ်းသီးပင်တွေသေ၊ စိုက်ပျိုးသူတွေ ဆုံးရှုံးမှုနဲ့ တွေ့ကြုံနေ

ပူပြင်းသည့် နေအပူရှိုန်ကြောင့် မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းက တောင်သူအများစု စိုက်ပျိုးထား သည့် ကွမ်းသီးပင်များ  သေဆုံးကာ ပျက်စီး၊ဆုံးရှုံးမှုများနှင့်ရင်ဆိုင်နေကြရသည်။ ရေးမြို့နယ်နှင့်မိုင်(၂ဝ)ခန့် ကွာဝေးသည့် ရေးချောင်းဖျားဒေသတဝိုက်က ပသာရွာအပါအဝင် ကျောင်းရွာ၊ ဂနီ၊ ဖလာန် နှင့် အနန်းပုန်း ရွာတို့ရှိ ကွမ်းသီးခြံများ နေပူပြင်းမှုဒဏ်ကြောင့် ညိုးနွမ်း၊ခြောက်သွေ့ကာ ယခုလိုဆုံးရှုံးမှုများနှင့် ရင်ဆိုင် တွေ့ကြုံနေရခြင်း ဖြစ်သည်။

မြန်မာလူမျိုးပထမဦးဆုံးဆရာဝန် (မွန်အမျိုးသားဒေါက်တာရှောလူး)

မြန်မာနိုင်ငံသားများထဲတွင် ပထမဆုံး အနောက်တိုင်းဆေးပညာရှင်ဆရာဝန်ဖြစ်သူမှာ မွန်အမျိုးသား ဒေါက်တာရှောလူးဖြစ်ပါသည်။ ဒေါက်တာရှောလူးကို(၁၈၃၉)ခုနှစ် နိုင်ရွှေသက်၊ မိဖွားလှတို့က မော်လမြိုင်မြို့ တွင်ဖွားမြင်ခဲ့သည်။ မိခင်မှာမွန်ဘုရင်ဗညားဒလ၏ ညီတော်မြဝတီမြို့စား(ဗရဲ့ပတိုင်း)၏ မြစ်တော်စပ်သူ ဖြစ်ပါသည်။ မိဘများမှာ နှစ်ခြင်းခရစ်ယာန် ဘာသာဝင်များဖြစ်ပြီး မင်းရှောလူးကိုလည်း ဆရာယုဒသန်က ၁၈၅ဝ ပြည့်နှစ်တွင် နှစ်ခြင်းခံပေးခဲ့သည်။ မင်းရှောလူးသည် ငယ်စဉ်ကပင် ပညာဗဟုသုတ လိုလားသူဖြစ်သဖြင့် ၁၇နှစ်အရွယ်တွင် ကာလကတ္တားသို့ စွန့်စားသွားရောက်ခဲ့သည်။ ထိုစဉ်ကမော်လမြိုင်မြို့မှာ ဗြိတိသျှ လက်အောက်သို့ ကျရောက်နေပြီဖြစ်သဖြင့် မော်လမြိုင်မြို့မှ အိန္ဒိယနိုင်ငံဆိပ်ကမ်းများသို့ သင်္ဘောဖြင့် တိုက်ရိုက်သွားလာနိုင်ကြသည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီအလုပ်အမှုဆောင်စာရင်းများ

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီသည် ပြီးခဲ့သည့်ဇူလိုင်လ(၁၁)ရက်နေ့ မော်လမြိုင်မြို့ဌာနချုပ်ရုံးတွင် အစည်းအဝေးကျင်းပခဲ့ပြီး ဗဟိုအလုပ်မှုဆောင်ကော်မတီ(၂၁)ဦးကို ရွေးချယ်ခဲ့သည်။

ဘုရားသုံးဆူနယ်စပ်ပြဿနာ သဘောတူညီမှုရရှိ

ဘုရားသုံးဆူဒေသ၌မြန်မာတို့ကွန်ကရိလမ်းခင်းနေပုံ
ယခုရက်ပိုင်းအတွင်းဖြစ်ပေါ်ခဲ့သော ဘုရားသုံးဆူဒေသ ထိုင်းမြန်မာနယ်စပ်အငြင်းပွားမှုပြဿနာ ကိစ္စရပ်များ နှစ်ဖက်သဘောတူညီမှုများရရှိခဲ့ကြသဖြင့် ပြေလည်မှုရရှိခဲ့သည်။

ဘုရားသုံးဆူဒေသ၊ ထိုင်းမြန်မာနှစ်နိုင်ငံနယ်ခြားကော်မတီဥက္ကဌများ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နေ့လည်စာစားပွဲတစ်ရပ်ကို ထိုင်းဒေသစံတော်ချိန် ယမန်နေ့နံနက် (၁၁) နာရီတိတိတွင် ထိုင်းနိုင်ငံ၊ ကန်ချပူရီခရိုင်၊ စံခလပူရီမြို့အနီးရှိ BASINI ENTERPRISE Co.Ltd. ရုံးခန်းအတွင်းနှစ်ရီကြာခန့် ကျင်းပခဲ့ရာ သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း တက်ရောက်ခဲ့သူ ထိုင်းဝန်ထမ်းတစ်ဦး ပြောကြားခဲ့သည်။

ဘုရားသုံးဆူဒေသ၌မြန်မာတို့ကွန်ကရိလမ်းခင်းနေပုံ

ထိုင်းမြန်မာနယ်စပ်ဖြတ်ကျော်ဂိတ် နအဖပိတ်ထား

ထိုင်းမြန်မာနယ်စပ်၊ ဘုရားသုံးဆူဒေသတွင် ထိုင်းနှင့်မြန်မာတို့ နယ်မြေပိုင်းခြားခြင်းနှင့်ပတ်သက်ပြီး ညှိနှိုင်းမှုမရသောကြောင့် လူဝင်ထွက်ဖြတ်သန်းဂိတ်ကို ပိတ်ထားကြောင်း သိရှိရပါသည်။

တရားမဝင် မြန်မာအလုပ်သမားခိုးဝင်လာသည့်ကားတိမ်းမှောက်(၉)ဦးဒါဏ်ရာရ

 မြန်မာနယ်စပ် ဘုရားသုံးဆူမြို့အလွန် ထိုင်းနိုင်ငံစံခလပူရီမြို့မရောက်ခင် စံခလယ်ကျေးရွာအနီး ဇူလိုင်(၇) ရက်နံက်(၁၂)ခွဲအချိန်တွင် တရားမဝင်မြန်မာရွှေ့ပြောင်းအလုပ်သမားများကို တင်ဆောင်လာသည့် ကားတစ်စီး မှောက်သွားရာတွင် အလုပ်သမား(၉)ဦးလောက်ထိခိုက်ဒါဏ်ရာရရှိခဲ့သည်ဟု ဒေသခံများကပြောပါသည်။

အင်းစိန်ထောင်အတွင်းအနှိပ်စက်ခံမွန်ရဟန်းပျို ဆေးဝါးကုသခွင့်မရ

အင်းစိန်ထောင်စစ်ကြောရေးစခမ်းအတွင်း အထိန်းသိမ်းခံနေရသည့် ဦးဇင်းဇော်လတ်ခေါ် အရှင်ဥက္ကံသ သည် ထောင်အာဏာပိုင်များနှိပ်စက်မှုဒါဏ်ကြောင့် ကျောက်ကပ်ယောင်ဝေဒနာခံစားနေရသော်လည်း ထောင်  ဆေးရုံတွင် ဆေးဝါးကုသခွင့်မပြုသေးဟု မိသားစုဝင်များမှပြောပါသည်။ အရှင်ဥက္ကံသ၏ ကျန်းမာရေးအခြေအနေနှင့်ပက်သက်ပြီး 
စာသင်ဘက်တစ်ဦးဖြစ်သူ နိုင်အာကာမှ ယခုလိုရှင်းပြပါသည်။